ပြောင်းဖူး
15-Apr-2017* ပြောင်းဖူးသည် ခေတ်သစ်ရောဂါများဖြစ်ကြတဲ့ သွေးတိုးရောဂါ ၊ သွေးကြောများမာကျစ်ရောဂါ ၊ နှလုံးသွေးကြောကြောင့်ဖြစ်တဲ့ နှလုံးရောဂါ ၊ ကင်ဆာရောဂါစတဲ့ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
* ပြောင်းဖူးမှာပါတဲ့ အာဟာရတွေဟာ သိပ်ကို ကြွယ်ဝလှပါတယ်။ ပြောင်းဖူး ဂရမ် ၁၀၀ တိုင်းမှာ ပရိုတင်း ၈.၅ ဂရမ် ၊ အဆီဓာတ် ၄.၃ ဂရမ် ၊ ကစီဓာတ် ၇၂.၂ ဂရမ် ၊ ထုံးဓာတ် ၂၂ မီလီဂရမ် ၊ မီးစုန်းဓာတ် ၂၁၀ မီလီဂရမ် ၊ သံဓာတ် ၁.၆ မီလီဂရမ်တို့အပြင် ဗီတာမင် ဘီဝမ်း ၊ ဘီတူး ၊ နိုင်ယာစင်စတာတွေ ပါဝင်ပါသေးသည်။ပြောင်းဖူးမှာ ပါဝင်တဲ့ အဆီက ဆန် ၊ ဂျုံတွေမှာ ပါဝင်တာရဲ့ ၅ ဆ ဖြစ်ပြီး ပြည့်ဝမဟုတ်တဲ့ အဆီ (unsaturated fatty acid) အက်စစ်တွေသာ ဖြစ်ကြတယ်။
အဲ့ဒီ့အနက် ၅၀% ဟာ လူ့ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ အဆီအက်စစ်များ Essential fatty acids ဖြစ်ကြတဲ့ လင်နိုလေယစ်အက်စစ် Linoleic acid တွေဖြစ်ပြီး ကိုလက်စထရောနဲ့ လက်စီသင် Lecithin တို့လည်း ပါဝင်သေးသည်။ ရွှေဝါရောင်ပြောင်းဖူးမှာ ဗီတာမင် အေ နဲ့ အီးတို့တော်တော်များများပါဝင်တယ်။ အဲ့ဒီ့ ဗီတာမင်တွေက သွေးတွင်းကိုလက်စထရောတွေကို လျှော့ချပေးတဲ့အပြင် သွေးတိုးရောဂါ ၊ နှလုံးရောဂါ၊နှလုံးသွေးကြောပိတ်ရောဂါတို့ကိုကာကွယ်တဲ့အကျိုးသက်ရောက်မှုမျိုးရှိပါတယ်။ ဒါတွေတင်မကဆဲလ်များအိုမင်းသွားမှုကိုနှေးကွေးစေပြီးဦးနှောက်စွမ်းရည်ဆုတ်ယုတ်မှုကိုလည်း နှေးကွေးသွားစေပါတယ်။
* ဆေးသိပ္ပံပညာရှင်များရဲ့အသစ်တွေ့ရှိချက်အရ ပြောင်းဖူးမှာ ကင်ဆာရောဂါက်ို ကာကွယ်တဲ့စွမ်းရည်ပါရှိတယ်ဆိုတာ သီရပါတယ်။ ပြောင်းဖူးထဲမှာ များများစားစားပါဝင်နေတဲ့ ဂလူတာသိုင်းယွန်း(Glutathione) က ကင်ဆာခုခံတားဆီးတဲ့ အဓိကအရင်းခံပစ္စည်းပါပဲ။ ဂလူတာသိုင်းယွန်းဟာ အမိုင်နိုအက်စစ်တချို့ ပါဝင်ဖြစ်တည်နေတဲ့ ဇီဝအထောက်အကူပြုအင်ဇိုင်း (Coenzyme) တစ်မျိုးဖြစ်ပြီး ဓာတ်တိုးပယ်ဖျက်စွမ်းရည် Antioxidant ပဲ ဖြစ်ပါတယ်။ သွေးအတွင်းမှာ ဂလူတာသိုင်းယွန်းများများရှိလေ အသက်ရှည်လေလို့ သိရပါတယ။
ပြောင်းဖူးထဲမှာ အများအပြားပါဝင်နေတဲ့ လိုင်စင်း (lysine) ဟာ ကင်ဆာကုဆေးဝါးများရဲ့ အဆိပ်ရှိဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်နိုင်ရုံမက အဖုအကျိတ်တွေ ကြီးထွားမလာနိုင်အောင်လည်း ထိန်းချုပ်သေးတယ်။ ပြောင်းဖူးထဲမှာ ပါဝင်သေးတဲ့ ဆလန်နီယမ် (selenium) နဲ့ မဂ္ဂနီဆီယမ် (magnesium)တို့ဟာ အဖုအကျိတ်တွေရဲ့ ဖြစ်ပွားကြီးထွားမှုကို သူ့နည်းနဲ့သူ ထိန်းချုပ်ပစ်တယ်။ ဆလန်နီယမ်ကကိုယ်တွင်းရှိပါအောက်ဆိုဒ် တွေရဲ့ ပြိုကွဲမှုကို လျှင်မြန်စေတယ်။ အဲဒီ့အကြောင်းအရင်းကြောင့် ဆိုးဝါးပြန့်ပွားနိုင်တဲ့ အသားပို ကို အောက်ဆီဂျင်မရအောင် လုပ်ပစ်တဲ့နည်းနဲ့ ထိန်းချုပ်ပစ်လိုက်တယ်။
ထို့အတူပဲ မဂ္ဂနီဆီယမ်မှာလည်း အဖုအကျိတ် အသားပိုများကို မကြီးထွားနိုင်အောင် ထိန်းချုပ်တဲ့ အကျိုးအာနိသင်များရှိတယ်။ ဒါ့အပြင် ပြောင်းဖူးမှာ ဖိုင်ဘာမျှင်အတော်များများပါဝင်နေတော့ အူတွင်းရွေ့လျားမှုကို မြှင့်တင်ပေးနိုင်သည်။ စားလိုက်တဲ့ အစာတွေရဲ့ အပိုအလျှံပစ္စည်းတွေ အူတွင်းမှာ ကြာရှည်မနေနိုင်အောင် အချိန်ကို တိုတောင်းစေသည်။ အူတွင်းမှာ ဒုက္ခပေးနိုင်တဲ့ ပစ္စည်းမျိုးတွေလည်းစွန့်ထုတ်ပစ်အောင် အရေးပါတဲ့လုပ်ဆောင်မှုမျိုးပါရှိသည်။ ဒါကြောင့် စအိုကင်ဆာကို ကာကွယ်ကုသရေးမှာ အရေးပါအရာရောက်ပါသည်။
Credit : မောင်မောင်လှိုင်
By Dr May Hnin Phyu